နတ်တလင်းမြို့နယ်၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စာစစ်ဌာန ၅ ခုဖြင့် စစ်ဆေးသွားမည်

နတ်တလင်း မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌  ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက် ဧပြီ ၉ ရက်အထိ စစ်ဆေးမည့် (၂၀၂၁-၂၀၂၂ ) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၄ ခုဖွင့်၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာနများမှာ အ.ထ.က- နတ်တလင်း၊ အ.ထ.က-တာပွန်၊ အ.ထ.က-ဒမငယ်၊ အ.ထ.က-ကရင်ကုန်း၊ အ.ထ.က-အောင်ဇေယျာ စသည်တို့ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၅၅)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)