ကြာအင်းဆိပ်ကြီး မတ် ၁၁
"ကလေးလုပ်သားများပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့" ဆိုသည့် ဆောင်ပုဒ်အတိုင်း ကလေးလုပ်သားများပပျောက်ရေးအတွက် ရည်ရွယ်ချက်ဖြင့် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ ထုတ်လုပ်ဖြန့်ဝေသည့် ဒေါနမြေလက်ကမ်းစာစောင်များအား တိုင်းရင်း သားမိဘပြည်သူများအနေ့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာသိရှိမှတ်သားနိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဝန်ထမ်းများက ပြည်သူများအား အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေါနမြေလက်ကမ်းစာစောင်၌ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက် (၃)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကိုဗစ်-၁၉ ကာလ ကလေးအလုပ်သမား များနှင့် ကျောင်းပညာရေး ILO နှင့် UNICEF တို့မှ ထုတ်ဝေသည့်အစီရင်ခံစာများ ၊ ကဗျာဆရာ မြနှင်းသုန်ရေးသားသည့် * သင့်ကြောင့်* ကဗျာ စသည့်သိမှတ်ဖွယ်ရာ အကြောင်းအရာများပါဝင်သည့် ဒေါနမြေလက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်
သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရယနေရာများနှင့် ဇမိရတနာဈေး အတွင်းသို့သွားရောက်ပြီး ပြည်သူများအား အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး