ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

စုကလိ   မတ်   ၁၁

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံး အနေဖြင့် အသိပညာပေးလုပ်ငန်းများအား Talk Show အစီအစဉ်ဖြင့် Online မှတစ်ဆင့် လစဉ် ထုတ်လွင့်ပေးလျက်ရှိရာ ယခုလအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန တွင်  ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် () ရပ်၊ ကလေးအလုပ်သမား များအတွက် အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် ကာကွယ်ပေးနိုင်ရေးဥပဒေများ၊ ကိုဗစ်-၁၉ ကာလ ကလေးအလုပ် သမားများနှင့် ကျောင်းပညာရေးအကြောင်းတို့ကို ဆွေးနွေးပေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးကြရာတွင် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်နှင့် အငယ်တန်းစာရေးအင်အား (ပြ) ဦးကိုကိုအောင်တို့မှ ဆွေးနွေးပေးခဲ့ကြပြီး လစဉ်အသိပညာပေး Talk Show များအား တင်ဆက်ပေးခဲ့ပြီး We Love Sukali Page တွင် အချိန်နှင့်တစ်ပြေးညီ ထုတ်လွင့်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပိုပိုအောင်