ပေါက်ခေါင်း မတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၇၂၂ ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူ ၄၄၇ ဦး၊ ကျောင်းပြင်ပဖြေဆိုသူ ၂၇၅ ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၇၂၂ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး အတွဲ(၁)ဘာသာရပ်တွင် ၅၄၃ ဦး၊ အတွဲ(၂)ဘာသာရပ်တွင် ၁၁၈ဦးနှင့် အတွဲ( ၇)ဘာသာရပ်တွင် ၆၁ ဦးသက်ဆိုင်ရာ ဘာသာရပ်အသီးသီး၌ ကျောင်းသား ၂၉၈ ဦး၊ ကျောင်းသူ ၄၂၈ ဦးရှိရာ၊ ပေါက်ခေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပရန် စာစစ်ဌာန ၂ ခုစီစဉ်ထားရှိပြီးလည်းကောင်း စာစစ်ဌာနများမှာ အထက ပေါက်ခေါင်းနှင့် အထက အိုးဘိုကုန်းစာစစ်ဌာနတို့ဖြစ်ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ ကျောင်းစစ်စာမေးပွဲများကိုလည်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်း ချက်များနှင့် အညီ မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ သက်ဆိုင်ရာ စာသင်ကျောင်း (၂၁၈)ကျောင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)