ငါးသိုင်းချောင်း မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ယနေ့ နံနက်ပိုင်းက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး (Talk Show) အစီအစဉ် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်၌ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပါတ်သက်သည့် အကြောင်းအရာများကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နှင်းယုဝေက မေးမြန်းဆွေးနွေးခဲ့ရာ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က ကလေးအလုပ်သမား ပပျောက်ရေး ဆောင်ရွက်လျက်ရှိသည့် ရည်မှန်းချက်များ၊ ကလေးအလုပ်သမားများကို ခိုင်းစေသည့် လုပ်ငန်းရှင်များအနေဖြင့် သိရှိထားသင့်သည့် အချက်များ၊ အရွယ်မတိုင်မီ အလုပ်ခွင်သို့ ဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ ကလေးမိဘများသို့ အကြံပြု တိုက်တွန်းချက်များ အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပါတ်သက်၍ အများပြည်သူ အသိပညာဗဟုသုတ တိုးပွားရရှိစေရန် လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ အသိပညာပေး (Talk Show) အစီအစဉ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျွမ်းကျင်သူများနှင့် တွေ့ဆုံမေးမြန်း၍ Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင် ဆက်ပေးခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)