ကျိုက်လတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ၁၂၈၄ ဦး ဖြေဆိုမည်

ကျိုက်လတ်   မတ်  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အ‌ခြေခံပညာ အထက်တန်းကျောင်းများ မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၈၄)ဦးဝင်ရောက် ‌ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ သိရသည်။

ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အတွင်းရှိ အ‌ခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်တန်း၌ တက်ရောက် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူ ( ၉၄၈ ) ဦး ရှိပြီး ပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၃၃၆) ဦး ၊ စုစုပေါင်း(၁၂၈၄)ဦး တို့‌ ဖြေဆိုခွင့် လျှောက်လွှာ (ဖောင်) များ တင်ထားကြောင်း သိရပြီး ကျိုက်လတ်မြို့နယ် တွင် စာစစ် ဌာန (၅)ခု ဖြစ်သော အ.ထ.က(၁)၊ အ.ထ.က ရုံးဒေါင့်၊ အ.ထ.က လှိုင်းတာ၊ အ.ထ.က အိမ်ယာကြီး နှင့် အ.ထ.က ထရော်(ရွာသစ်) တို့တွင် အတွဲ (၁) ‌ဖြေဆိုရန် ၆၁၅  ဦး ၊ အတွဲ (၂) ဖြေဆိုရန်  ၅၇၄ ဦး ၊ အတွဲ (၇) ‌ဖြေဆိုရန် ၉၅ ဦး ဝင်ရောက် ‌ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။

ရီရီမြင့်