ပလောက် မတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်ကို ယနေ့နံနက် (၁၀) နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့သွား ရောက်ငှားရမ်းပေးခဲ့ပါသည်။
ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး မှဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ စာဖတ်ပရိသတ်များအတွက် အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး သုတ/ရသစာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို ပလောက်မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်