ပန်းတောင်း မတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀.၀၀)နာရီ အချိန်ကပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအညီ မြို့နယ်အတွင်း အသက် (၁၈)နှစ်နှင့်အထက်ရှိသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအား ဧပြီလမတိုင်မီ ရာနှုန်းပြည့်ထိုးနှံပြီး စီးနိုင်ရန်အတွက်အရှိန်အဟုန်နှင့် ဝိုင်းဝန်းဆောင်ရွက် သွားရန် ကာကွယ်ဆေးထိုးနှံမှုအား နယ်မြေ ရပ်ကွက်ကျေးရွာအလိုက် ဆေးမထိုးရသေးသူများအား စာရင်းပြုစု၍ ဆေးထိုးရမည့်သူများသိရှိနိူင်ရန် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ကျန်းမာရေးအသိဖြင့် လိုက်နာဆောင်နိူင်ရန် သက်ဆိုင်တာဝန်ရှိများမှလည်း ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ကြိမ်တစ်ခါမှ ဆေးမထိုးရသေးသူများလည်း ကာကွယ်ဆေးများထိုးနှံကြစေလိုပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသူများမှ တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)