ဝေါမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဝေါ မတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့အရှေ့ဘက်ကမ်း၊ အောင်ချမ်းသာရပ်ကွက်၌ တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်း သမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်တော်လောင်းလှူပွဲကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဂေါပက အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအလှူရှင်များ စုပေါင်းကာ တပေါင်းလဆန်း (၁၄) ရက်နေ့ နံနက် (၉) နာရီတွင် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့်  မတ်လ ၁၆ ရက်နေ့(တပေါင်းလပြည့်နေ့)နံနက် (၈) နာရီတွင် ဆွမ်းဆန်တော်လောင်းလှူခြင်းကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၀ ရက်နေ့ နံနက် (၁၀) နာရီက ဝေါမြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးနိုင်ရေးနှင့် ပတ်သက်၍ ဝေါမြို့နယ်သံဃနာယကဥက္ကဋ္ဌ   ဒလနွမ်းကျောင်း ဦးစီးပဓာနနာယကဆရာတော် ဥူးသြဘာသက ဝေါမြို့၊ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်တော်လောင်းလှူပွဲအား အခါတိုင်းနှစ်တွေထက် ပိုမိုစည်ကားစွာ ကျင်းသွားပါမည်ဆိုသောကြောင့် အလွန်ဝမ်းသာမိကြောင်း၊ သမိုင်းဝင်ဆုတောင်းပြည့်ကြုံတူ ဘုရားပွဲဆိုတာ မြို့နယ်အဆင့် ဘုရားပွဲဖြစ်ပြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညီညာ ဖို့လိုကြောင်း ယခုနှစ်မှာ မြို့နယ်အတွင်းရှိ သက်ကြီးဝါကြီးသည့် သက်တော်ရှည် ဆရာတော်ကြီးများကို ပူဇော်ပွဲပါပြုလုပ်သွားမည်ဖြစ်တဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရကြောင်းနှင့် ရဟန်းရှင်လူအပေါင်း ညီညီညွတ်ညွတ်ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ပါစေဟု ဩဝါဒ ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဝင်းမော်က ဗုဒ္ဓပူဇနိယပွဲတော်ကို ကိုဗစ် ၁၉ရောဂါကြောင့် (၂) နှစ်မကျင်းပနိုင်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များ နှင့်အညီ ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပရေးကြီးကြပ်မှုကော်မတီ၊ သံဃာတော် များ ပင့်ဖိတ်လျှောက်ထားရေးနှင့် ကြိုဆို ပင့်ဆောင်ရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် အလှူငွေ လက်ခံရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေး၊ ဆွမ်းဆက်ကပ်လှူဒါန်းရေး၊ ကျန်းမာရေး စောင့်ရှောက်မှုစသည့် အဖွဲ့များဖွဲ့၍ အောင်မြင်စွာကျင်းပ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး မျိုးဝင်းအောင်က ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက် နိုင်ရေးဆွေးနွေး ပြောကြားသည်။

ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် သက်ကြီးဝါကြီး ဆရာတော်များ ပူဇော်ပွဲ၊ ဆွမ်းဆန်တော်လောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ အသက်တော် (၈၀) နှင့်အထက်၊ ဝါတော် (၅၅) ဝါနှင့် အထက်ရှိ သက်တော်ရှည်ဆရာတော်ကြီးများကို ပူဇော်ကန်တော့ပြီး၊ စေတီတော်ရင်ပြင်တွင် ကျောင်းတိုက်ပေါင်း (၁၆၈) တိုက်မှ သံဃာတော် (၁၇၀) ပါးကို ဌာနဆိုင်ရာများ၊ အလှူရှင်များ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)