ပိုင်ကျုံ မတ် ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ် နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွား မှုကိုလျှော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ပိုင်ကျုံမြို့အတွင်းရှိ ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ကာကွယ် ဆေးထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ စတင်ခဲ့ရာ ယနေ့တွင် အဋ္ဌမအသုတ်အထိ အကြိမ်ပြည့် ထိုးနှံပြီးစီးခဲ့ပြီးဖြစ်သည်။
ကာကွယ်ဆေးထိုးနှံရာတွင် သံဃာတော်များ၊ အသက်(၁၈)နှစ် အထက်ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ပရဟိတအဖွဲ့ဝင်များကို ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ပထမအသုတ် ၇၂၉ ဦး၊ ဒုတိယအသုတ် ၃၇၀၅ ဦး တတိယအသုတ် ၂၆၈၀ ဦး၊ စတုတ္ထအသုတ်တွင် ၂၀၀၅ ဦး၊ ပဉ္စမအသုတ်တွင် ၁၃၂၅ဦး၊ ဆဋ္ဌမအသုတ်တွင် ၅၈၁ ဦး၊ သတ္တမအသုတ်တွင် ၅၇၀ ဦး၊ အဋ္ဌမအသုတ်တွင် ၄၄၀ ဦး စုစုပေါင်း လူဦးရေ (၁၂၀၃၅) ဦး ထိုးနှံပေးနိုင်ခဲ့ပြီး၊ အသုတ်အားဖြင့် အဋ္ဌမအသုတ်ထိ အကြိမ်ပြည့်ထိုးနှံ ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပိုငိကျုံမြို့အတွင်းရှိ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် ဒေသခံပြည်သူများ၊ ရပ်ဝေးရွာဝေးမှ ပြည်သူများ၊ သွားလာရန် ခက်ခဲသောကျေးရွာများမှ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကွင်းဆင်း၍လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး