ဟားခါးမြို့၌ ပြည်သူ ၄၆ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ဟားခါး မတ် ၁၀

ဟားခါးမြို့၌ မတ်လ ၁၀ ရက်နေ့က ပြည်သူ ၄၆ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

အလားတူ တီးတိန်မြို့နယ်တွင်လည်း ပြည်သူ ၁၀၃ ဦးအား Test kit ဖြင့် စစ်ဆေးရာ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည်။

ဟားခါးမြို့နယ်တွင်  ၂၀၂၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့မှ ယနေ့အထိ ပိုးတွေ့သူ ၁၈၃၂ ဦး၊ သေဆုံး သူ ၄၇ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၇၄၄ ဦး၊ ဆေးကုသမှုခံယူဆဲ ၄၁ ဦးရှိသွားပြီဖြစ်ကြောင်း သိရ သည်။

ခရိုင် (ပြန်/ဆက်)