ဇလွန်မြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ဇလွန် မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရုံးဌာနများအရောက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်း ပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ယနေ့နံနက် ၁၁နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြသည်။

စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများအတွက် ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရုံးဌာနများအရောက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ သုတ၊ ရသ၊ ဝတ္တုနှင့် မဂ္ဂဇင်းများကို ငှားရမ်းပေးခဲ့ကြသည်။

အဆိုပါ စာအုပ်စာစောင်များကို အပတ်စဉ် ရုံးဌာနများအရောက် Mobile Library စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ပြီး စာကြည့်တိုက်အသင်းဝင် ကတ်ပြားများကိုလည်း ပြုလုပ်ပေးခဲ့​ကြသည်။

ဝေယံ (ဇလွန်ပြန်/ဆက်)