မေတ္တာမြို့၌ ကွမ်းရွက်ပင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိ

မေတ္တာ  မတ် ၁၀

တနင်္သာတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဟိန္ဒားပြင်ကျေးရွာ၌ ကွမ်းရွက်ပင်များ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက်ဝင်ငွေ ရရှိကြောင်းသိရသည်။

မေတ္တာမြို့တွင် ကွမ်းရွက်ပင်များကို စိုက်ပျိုးရာ၌ ပျိုးပင်များကို တစ်နှစ်ပတ်လည်၌ရှိ​သော အပင်မှကိုင်းကူးယူပြီး မေလမှ ဇွန်လအတွင်း စတင်စိုက်ပျိုးခဲ့ရာ (၅)လ မှ(၆)လဝန်းကျင်တွင် အရွက်များ စတင်ခူးယူရောင်းချနိုင်သည်။

ဆက်လက်၍ ကွမ်းရွက်ပင်များ စိုက်ပျိုးရာတွင် မြေကြီးပေါ်မှ တိုင်ထူပြီးကြိုးများ​ဖြင့်ချည်၍ မြေများတူးဆွပြီး မြေကြီးမှစတင်အပင်မြှုပ်ကာ အမိုးအကာများ​​ပြုလုပ်၍ ကွမ်းရွက်ပျိုးပင်များ ကို စတင်စိုက်ပျိုးရပါသည်။ မေတ္တာမြို့တွင် သဘာဝမြေသြဇာအနေဖြင့် ဆိတ်ချေး၊ နွားချေးကို သာအသုံးပြု၍ ကွမ်းရွက်ပင်၏ အောက်တွင် ထည့်ပေးရသည်။ ထို့နောက်ပေါင်းသင်၊ ရေလောင်း ခြင်းများလည်းပြုလုပ်ပေးရသည်။

မေတ္တာမြို့တွင် ယခုလက်ရှိ ဒေသပေါက်စျေးအနေဖြင့် ကွမ်းရွက်တစ်စည်းကို ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အထိ ရရှိ၍  ကွမ်းရွက်တစ်စည်းတွင် ရွက်ရေ (၁၀၀) ရွက်ပါရှိကြောင်း ကွမ်းရွက် စိုက်ပျိုးရောင်းချသည့်  တောင်သူများထံမှ သိရသည်။

အေးအေးချို (မေတ္တာ)