ညောင်တုန်း မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းတည့် ၁၂နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပွားသည့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါး အမျိုးအစားရုပ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ ဆောင်းပါးများ၊ ကာတွန်းများကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ၊ စာဖတ်ပရိသတ်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)