ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ ကျောင်းသား၊ ကျောင်းသူ ၁၅၇၅ ဦး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည်

ကန်ကြီးထောင့် မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခုတွင် မတ်လ ၃၁ ရက်နေ့မှ စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား၊ ကျောင်းသူ ၁၅၇၅ ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်း၌ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အတွဲ(၁) ဘာသာတွဲအား ကျောင်းသား၊ ကျောင်းသူ ၄၆၄ ဦး၊ အတွဲ(၂) ဘာသာတွဲအား ကျောင်းသား၊ ကျောင်းသူ ၁၀၀၉ ဦးနှင့် အတွဲ(၇) ဘာသာတွဲအား ၁၀၂ ဦး၊ စုစုပေါင်း ၁၅၇၅ ဦးတို့က ဝင်ရောက်ဖြေဆို သွားမည်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရန်အတွက် (အ.ထ.က)ကန်ကြီးထောင့်၊ (အ.ထ.က)ဒါးက၊ (အ.ထ.က)ကျိုက်လတ်၊ (အ.ထ.က)ဆပ်ကွင်း၊ (အ.ထ.က)တကုန်းကြီး၊ (အ.ထ.က)ကံရွာ၊ (အ.ထ.က)ကုလားကွင်း၊ (အ.ထ.က)မြင်းကဆိပ်၊ (အ.ထ.က) ဝဲကြီး အစရှိသည့် စာစစ်ဌာန ၉ ခုကို ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စာမေးပွဲကြီးကြပ်မှုကော်မတီ ဖွဲ့စည်း၍ စီမံချက်များ ရေးဆွဲဆောင်ရွက်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

လှမင်းထွဋ်