ဝါးခယ်မမြို့နယ် လူထုအခြေပြု ဗဟိုဌာနတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ

ဝါးခယ်မ  မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့မွန်းလွဲ(၁)နာရီက ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် သံကြိုးတိုင်တိုးချဲ့ မြို့သစ်ကျောင်းမှ ကျောင်းသား/သူလေးများက တပ်မတော်နေ့ က‌ဗျာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိ‌သူများကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က ဆုများချီးမြှင့်ပေးခဲ့သည်။

ထိုသို့ ကျင်းပဆောင်ရွက်ရာတွင် ဝါးခယ်မမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က ကျောင်းသား၊ ကျောင်းသူလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ ရဲဝံစွာ ပြောဆိုတတ်စေရန်၊ ပင်ကိုယ်အရည်အချင်းများ တိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကျင်းပ   ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)