ရွှေတောင် မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရွှေတောင် မြို့နယ်တွင်ပြည်သူများ အိုမီခရွန်ရောဂါပိုး ကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့မှ Mask Campaign နှင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်စွာ နေ့ဉ်ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ က လူစည်ကားသည့် ပြည်-ရန်ကုန်လမ်း တည်ကုန်းတောင်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက မြို့နယ်အတွင်းရှိ သွားလာနေသူပြည်သူများအနေဖြင့် ယခုအခါ ကိုဗစ်- ၁၉ မျိုးဗီဇပြောင်းအိုမီခရွန် ရောဂါပိုး ကူးစက်မှုရှိလာသဖြင့် ရောဂါကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရန်၊ နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ မိမိတို့ပတ်ဝန်းကျင်တွင် သံသယလက္ခဏာရောဂါရှိသည်ဟု ယူဆပါက နီးစပ်ရာကျန်းမာရေးဌာနတွင် ပြသ၍ ဆေးကုသမှုခံယူရန်နှင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ပြီးမှသွားလာကြရန် mask တပ်ဆင်သွားလာခြင်းမရှိပါက mask တစ်ခုလျှင်၂၀၀ ကျပ် ဝယ်ယူစေပြီး တပ်ဆင်သွားလာကြရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ပြီးဆေးလက်မှတ်နှင့် မှတ်ပုံတင်ကပ်ပြားစစ်ဆေးခြင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)