လပွတ္တာ မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ မြို့ပေါ် ရပ်ကွက်များ၊(၃)မိုင်မြို့သစ် အတွင်းရှိ အများပြည်သူများ သိရှိစေရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ်( ၁၂) နာရီ အချိန်က ဆောင်ရွက်သည်။
မီးသတိပေးနှိုးဆော်ရာတွင် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီ ဖြစ်ပါ၍ မီးလန့်မှု/မီးလောင်မှုများ ဖြစ်ပွားပေါ်ပေါက်ခြင်း မရှိစေရေးအတွက် မိဘပြည်သူများ အနေဖြင့် မီးသတ်မှုရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များဖြစ်သည့် မီးဖိုအသုံးပြုလျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဘုရားမီး၊ အမွှေးတိုင်မီး၊ ခြင်ဆေးခွေမီးများ အသုံးပြုလျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ လျှပ်စစ်မီးအသုံးပြုခြင်း၊ ဆေးလိပ်သောက်သုံးခြင်း၊ လောင်စာဆီများ အသုံးပြုလျင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မိမိနေအိမ်၊ စီးပွားရေး လုပ်ငန်းများတွင် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးသတိမှုရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် သိလိုသမျှကို မြို့နယ်မြေ မီးသတ်စခန်း တာဝန်ခံများထံသို့ ဆက်သွယ်မေးမြန်း စုံစမ်းပေးပါရန်နှင့် အလေးထား လိုက်နာ ဆောင်ရွက်ပေးကြရန် လိုက်လံသတိပေး နှိုးဆော်ချက်များနှင့် အဆိုပါအချက်များကို လိုက်နာမှု မရှိပါက မီးသတ်တပ်ဖွဲ့နည်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မြေ မီးသတ်စခန်းမှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ရပ်ကွက်များအတွင်းရှိ အများပြည်သူများ သိရှိစေရန် မီးသတိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လပွတ္တာ ခရိုင်ပြန်/ဆက်