ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပန်းချီပြိုင်ပွဲ ကျင်းပ

ဓနုဖြူ  မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ပန်းချီပြိုင်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ ပန်းချီပြိုင်ပွဲတွင် ကလေးများ ပင်ကိုယ်အရည်အချင်းများ တိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး သွက်လက်ထက်မြက်စေရန် ရည်ရွယ်၍ ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ကလေးငယ် (၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)