ဒေးဒရဲ မတ်လ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် အရည်အချင်းပြည့်ဝသော ဝန်ထမ်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မားရေး မွမ်းမံသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး၌ ယနေ့ နံနက် (၉) နာရီက သင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဖျာပုံခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းနိုင်ဦးက သင်တန်းသား၊ သင်တန်းသူများအား ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မားရေး မွမ်းမံသင်တန်းတွင် ကိုယ်ပိုင်စွမ်းရည်ကို အပြည့်အဝ အသုံးချပြီး စဉ်ဆက်မပြတ် သင်ယူလိုစိတ်ဖြင့် လေ့လာသင်ယူကြစေရေး၊ ယခုသင်တန်းမှ ပို့ချသင်ကြားသည့် သင်ခန်းစာများအား မြေပြင်တွင် လက်တွေ့အသုံးချနိုင်စေရေး စနစ်တကျ လေ့လာမှတ်သားကြရန်နှင့် သင်တန်းအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေး ညွှန်ကြားချက်များနှင့်အညီ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် မြေတိုင်းတာခြင်း၊ ကွန်ပျူတာကိုင်တွယ် အသုံးပြုခြင်း၊ ကွန်ပျူတာ အသုံးပြု၍ မြေပုံရေးဆွဲခြင်း၊ ဌာနအနေဖြင့် ကိုင်တွယ်ကျင့်သုံးလျက်ရှိသည့် ဥပဒေများ၊ လယ်ယာကဏ္ဍဆိုင်ရာ စာရင်းများနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ကောက်ယူပြုစုခြင်း၊ လယ်ယာကဏ္ဍဆိုင်ရာ ကောက်ယူပြုစုခြင်း၊ မြို့မြေစီမံခန့်ခွဲခြင်း၊ မြေတိုင်းတာခြင်း၊ လယ်ယာကဏ္ဍဆိုင်ရာ စာရင်းများနှင့် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ ကောက်ယူပြုစုခြင်းတို့အား သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလ (၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ရွှေဒေးသူ