ဒေးဒရဲ မတ်လ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ လွှမ်းခြုံနိုင်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ (၁၆၆၇၄၇)ဦးရှိရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးစီးသူ (၁၀၉၄၆၆)ဦးဖြစ်ပြီး (၆၅.၆၅)ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်၍ ကျန်ရှိသူများအားလုံး ဧပြီလအတွင်း ကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေဒေးသူ