မော်လိုက်မြို့ ဒီပင်္ကရာကျောင်းတိုက်၏ (၂၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ

မော်လိုက် မတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၊ ဒီပင်္ကရာကျောင်းတိုက်၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည့် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ဒီပင်္ကရာကျောင်းတိုက်ရှိ စိတ္တသုခဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့အား နမောတဿ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များက တက်ရောက် လာကြသူများက ဆရာတော်များထံမှ ငါးပါး သီလခံယူ ဆောက်တည်တော်မူ ခဲ့ကြသည်။

အဆိုပါ(၂၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဒီပင်္ကရာကျောင်းတိုက်၌ မတ်လ(၁၀)ရက်နေ့မှ (၁၄)ရက်နေ့ အထိ (၅)ရက် (၅)ညတိုင်တိုင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ပင့်သံဃာတော် အပါး(၃၇)ပါးတို့က ပဋ္ဌာန်း တရားတော်များ ကို ရွတ်ဖတ်ပူဇော်ပေး သွားမည်ဖြစ်ကြောင်း၊ တပေါင်းလပြည့်နေ့တွင် မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင်လေးများအား ရပ်ဝေး/ရပ်နီးမှ စေတနာရှင်၊ အလှူရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။

မော်လိုက်သားလေး