သာပေါင်း မတ်လ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျုံဒဒွန်းကျေးရွာအုပ်စု၊ ခေနန်ကျေးရွာအုပ်စု၊ ခွေးကုတ်ကျေးရွာအုပ်စုများတွင် အသက်(၁၈)နှစ်အထက် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သောကြီးကြပ်ရေးအဖွဲ့များမှ ကျေးရွာများအရောက် ဆေးထိုးစုရပ်ပြု၍ ယနေ့ နံနက် ၉ နာရီအချိန်က စတင်ကာ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် သာပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ်၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမတို့မှ နီးစပ်ရာဆေးထိုးစုရပ်များတွင် ကျေးလက်နေပြည်သူ အမျိုးသား (၂၂၁)ဦး၊ အမျိုးသမီး (၃၀၂)ဦး၊ စုစုပေါင်း (၅၂၃)တို့ကို ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
အကြောင်းအမျိုးမျိုးတို့ကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူ (၂၁)ဦးတို့ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း