ဇလွန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်

ဇလွန်  မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ် စားသုံးသူ ရေးရာဦးစီးဌာနနှင့် ပူးပေါင်းကာ စားသုံးသူရေးရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယမန့်နေ့မွန်းလွဲ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

အသိပညာ​ပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်အေးမြင့်သိန်းက အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက ကြော်ငြာခြင်းဆိုင်ရာ တားမြစ်ချက်များဖြစ်သော အရည်အသွေး၊ အရေအတွက်၊ ပါဝင်သောပစ္စည်းများ၊ အသုံးပြုပုံ၊ စျေးနှုန်း၊ ဝန်ဆောင်မှု နှုန်းထားနှင့် ပေးအပ်နိုင်သည့် အချိန်တို့ကို လိမ်လည်လှည့်ဖြားမှုပြုခြင်း၊ အာမခံပေးထားမှုကို လိမ်လည်လှည့်ဖြားမှုပြုခြင်း၊ မဟုတ်မမှန်သော သတင်းအချက်အလက်များ၊ အသုံးပြုခြင်းဖြင့် အန္တရာယ်ရှိမှုကို အသိပေးခြင်းမရှိခြင်း၊ ခွင့်ပြုချက်မရရှိဘဲ တစ်စုံတစ်ဦး/ အဖြစ်အပျက် တစ်ခုအပေါ် အသုံးပြုထားခြင်း၊ တည်ဆဲဥပဒေများ လူမှုကျင့်ဝတ်များနှင့် ကိုက်ညီမှု မရှိခြင်းတို့ကို ကျူးလွန်ပါက (၆)လထက်မပိုသော ထောင်ဒဏ် ကျပ်သိန်း (၂၀)ထက် မပိုသော ငွေဒဏ် ထပ်မံကျူးလွန်ပါက (၁)နှစ်ထက် မပိုသောထောင်ဒဏ် ကျပ်သိန်း (၁၀၀)ထက် မပိုသော ငွေဒဏ် ဒဏ်(၂)ရပ်လုံးအား ကျခံရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ဝေယံ (ဇလွန်ပြန် / ဆက်)