ကျွန်းလှ မတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဟင်းသီး ဟင်းရွက်စိုက်ပျိုးသူများ မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် ချောင်းရေတင်ပြီး ဟင်းသီးဟင်းရွက်မျိုးစုံဖြစ်တဲ့ ကန့်လန့်၊ ခရမ်းချဉ်၊ ပန်းမုံလာ၊ ရုံးပတီ၊ မုံလာထုတ်၊ ခရမ်း၊ နံနံ၊ ငရုတ်၊ ခဝဲ သီးနှံများ စိုက်ပျိုးပါတယ်။ ယခုကာလမှာ ပန်းမုံလာတစ်ပွင့်ငွေကျပ် ၄၀၀၊ ကန့်လန့်အထုံးကြီး တစ်စည်းငွေကျပ် ၆၀၀၊ ခရမ်းချဉ်တစ်ပိဿာ ငွေကျပ် ၄၀၀ဖြင့် သစ်ရာမြိုင်ဈေးမှ ဈေးသည်များက ဖောက်သည် လာရောက်ယူကြပါတယ်။ မိသားစုအတွက် တစ်နေ့ငွေကျပ် ၁၅၀၀၀၊ ငွေကျပ် ၂၀၀၀၀ ဝင်ငွေ ရရှိပါတယ်” ဟု ရှမ်းစုကျေးရွာ တောင်သူဦးနိုင်ကြီးက ပြောပြသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဟင်းသီးဟင်းရွက်သီးနှံ ဧက ၁၀၀၀ ကျော်စိုက်ပျိုး ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့များထောက်ပံ့ခြင်း၊ သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေး ပြုလုပ်သုံးစွဲနည်း လက်တွေ့ပြသခြင်း၊ စိုက်ရေးနည်းပညာများ ကွင်းဆင်းပညာပေးလျက်ရှိကြေင်း သိရသည်။
မျိုးဝင်းညို