ဆင်ပေါင်ဝဲမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်

ဆင်ပေါင်ဝဲ မတ် ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ထွေ/အုပ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲ‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့က ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျ ဆင်းလာသည့်အချိန်၌ အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိ ရသည့် မျိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိလာသည့်အတွက် ပြည်သူများအနေဖြင့် အိမ်အပြင်ထွက်လျှင် နှာခေါင်း စည်း mask တပ်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ကာကွယ်ဆေးများကို လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမှုအပြည့် အဝရရှိစေရန် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်အရေ အတွက်ပြည့်ဝစွာ ထိုးနှံကြပါရန် စသည့်အချက်များအား အသိပညာပေးခြင်းများကို နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)