နတ်တလင်း မတ် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ နွေစပါးများကို တောင်ညိုဆည်မှ ရရှိသော ရေများဖြင့် ၄၄၁၀ဧကစိုက်ပျိုးရန် လျာထားခဲ့ရာ ယခုအခါ တောင်သူများအနေဖြင့် လျာထားဧကထက်ကျော်လွန်၍ ၄၄၇၁ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါစိုက်ပျိုးသောစပါးမျိုးမှာ ရတနာတိုး ၄၄၆၂ဧကနှင့် ရက်တစ်ရာ ၉ဧကဖြစ်ပြီး ဘက်စုံ အဆင့်မြင့်သုံး စံပြစိုက်ကွင်း အတွက် စိုက်ပျိုးရေးဦးစီးဌာနက မျိုး၊မြေဩဇာ၊စိုက်ပျိုး စရိတ်များ ပံ့ပိုးပေးပြီး စိုက်ခင်း အောင်မြင်ရေးအတွက် မြေ၊မျိုး၊ပိုး တာဝန်ခံများနှင့် ဝန်ထမ်းများက စိုက် ခင်းများအရောက်မြေပြင်ကွင်းဆင်း၍ တောင်သူများနှင့် ပူးပေါင်းကာ ကိုက်ညီ သည့် မျိုးကောင်းမျိုးသန့်များရွေးချယ်ပေးခြင်း၊ မျိုးသန့်စံပြကွက်၌ မျိုးကွဲပယ်ခြင်း၊ သွင်းအားစုများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)