တနင်္သာရီ မတ်လ ၉
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး-တနင်္သာရီ မြို့နယ်ဦးစီးမှူးရုံးမှ (ဒုလ.ဝ.ကမှူး) ဦးအောင်ဆက်ပိုင်နှင့် ဝန်ထမ်း(၄)ဦးတို့က “လူမှုဘဝ ပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေးအတွက် တမုတ်ချုန်း ကျေးရွာအုပ်စု၊အလက-ရှမ်းအင်တော်ရွာ ကျောင်းသား/သူများအား ပန်းခင်းစီမံချက်ဖြင့် မတ်လ၈ရက် နံနက်၉နာရီမှ မွန်းလွဲနာရီအချိန်အထိ ကွင်းဆင်း၍ ပြုလုပ်ပေးကြသည်။
ယင်းသို့ ကွင်းဆင်းပြုလုပ်ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ် (၁၀နှစ်ပြည့်) နိုင်-၃(က) ကျောင်းသား(၄၇)ဦးနှင့်ကျောင်းသူ(၅၄)ဦး စုစုပေါင်း(၁၀၁)ဦးတို့အား ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)