လိပ်သိုမြို့တွင်   ရွှေ့လျားစနစ်ဖြင့်  ဈေးရောင်းသူများ   နေ့စဉ်ပုံမှန်ဝင်ငွေရရှိ 

လိပ်သို မတ် ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုမြို့တွင်ရွှေ့လျားစနစ်ဖြင့်   ဈေးရောင်းသူများ   နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိကာ   အဆင်ပြေလျက်ရှိကြောင်း  သိရသည်။

စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်များဖြစ်တဲ့   မုန်ညင်း၊ နံနံ၊ ဆလပ်ရွက်နဲ့  အခြား   သီးနှံများ၊   အသားငါးများနဲ့ ၊ အသင့်စားကောက်ညှင်းပေါင်း၊  ပဲပြုတ်စတဲ့ သရေစာမုန့်များကို တောင်ငူမြို့မှတစ်ဆင့် ဝယ်ယူပြီး လိပ်သိုမြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများသို့  လှည့်လည် ရောင်းချပါတယ်၊  နံနက်စောစောထရသော်လည်း   တစ်နေ့တာအတွက်  မိသားစု စားဝတ်နေရေး  အဆင်ပြေကြောင်း   ရွှေ့လျားဈေးသည်တစ်ဦး၏  ပြောပြချက်အရ  သိရသည်။

လိပ်သိုမြို့တွင်   ရွှေ့လျားဈေးသည်များထံမှ  လတ်ဆတ်သော  ဟင်းသီးဟင်းရွက်များနှင့်  အသားငါးများကို   စောစောထစရာမလိုဘဲ  မိမိနေအိမ်မှပင်  ဝယ်ယူနိုင်သဖြင့်   ရွှေ့လျားဈေးသည်များနှင့်  ဝယ်ယူစားသုံးသူများအကြား  အဆင်ပြေလျက်ရှိကြောင်း သိရသည်။

နီလာအေး(လိပ်သို)