ထန်းတပင်မြို့နယ် ကင်မွန်းချုံကျေးရွာတွင် ကျေးလက်နေပြည်သူများ အကျိုးပြုမည့် ကျေးလက် ကုန်ထုတ်လမ်းဖောက် လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ထန်းတပင်(  ပဲခူး  ) မတ်  ၉

ပဲခူးတိုင်း‌ဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကင်မွန်းချုံကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရေး အဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှု လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်အတွက် ကင်မွန်းချုံ-ပြောက်ကြား ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်း ပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ ပထမ(၆)လပတ်၊ တိုင်းဒေသကြီးရန်ပုံငွေ (၂၃.၀၀၀၀)သန်းဖြင့် အရှည် ၀ ဒသမ ၄မိုင်ရှိသော ကျေးလက်ကုန်ထုတ်လမ်းကို မြေသား တစ်ပေအမြင့်တင်ခြင်း၊ အကျယ်(၁၂)ပေ၊ (၉)လက်မဖြင့်ရှိသော မြေဂဝံ လမ်းခင်း ခြင်း လုပ်ငန်းကို တင်ဒါကုမ္ပဏီမှဇန်နဝါရီလက စတင်၍ တာ၀န်ယူဆောင်ရွက်ခဲ့ရာယခုအခါ ကင်မွန်းချုံ-ပြောက်ကြား ကျေးလက် ကုန်ထုတ် လမ်းဖောက်လုပ်ခြင်း လုပ်ငန်းရာနှုန်း ပြည့် ပြီးစီးပြီး ဖြစ်၍ ကျေးလက် နေပြည်သူများအနေဖြင့် စိုက်ပျိုးရေး ထွက်ကုန်များကို လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်သဖြင့် လူမှုရေး၊ စီးပွားရေး ကဏ္ဍများအတွက် များစွာ အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဦးကျော်မျိုးအောင်ထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)