ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးသူများအား (Booster Dose) ထပ်ဆောင်းထိုးနှံပေး

ထန်းတပင်(ပဲခူး) မတ် ၉

ပဲခူးတိုင်းဒေသကြီး၊‌ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် (Omicron) ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံထားပြီးသော ပြည်သူများအား (Booster Dose) ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် မှုဖြင့် ထန်းတပင်မြို့ သီရိမင်္ဂလာခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

ယင်းသို့ (Booster Dose) ထပ်ဆောင်းထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို အမည်စာရင်းကောက်ယူ စာရင်းသွင်းခြင်း၊ ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ ဆေးမထိုးနှံမီ ဆောင်ရွက်ရမည့် လုပ်ငန်းများ ဆောင်ရွက်ကြပြီး၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေး၍ ကာကွယ်ဆေး ထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေရန် စီစဉ်ဆောင်ရွက်ပေး လျက်ရှိပြီး (Booster Dose) ထပ်ဆောင်းဆေးထိုးရန် ကျန်ရှိသူများကိုလည်း ဆေးထိုးစုရပ် များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)