ပဲခူး မတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် အားကစားနှင့်ကာယပညာကော်မတီဉက္ကဋ္ဌ ဖလားကလပ် ပေါင်းစုံ (အမျိုးသား) အလွတ်တန်း ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်း ဒေသကြီး၊ မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီက ကျင်းပရာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်ကြည်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေလင်းဦး၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်သန္တာဝင်း နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ကလပ်ပေါင်းစုံ(အမျိုးသား)အလွတ်တန်း ဖူဆယ်ပြိုင်ပွဲများ ကျင်းပခြင်းအားဖြင့် ဒေသတွင်း လူငယ်လူရွယ် များ၏ ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ မိမိကိုယ်စားပြုအသင်း၏ဂုဏ်ကို ဖော်ဆောင် နိုင်စေရန် ရည်ရွယ်၍ မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ပဲခူးမြို့ပေါ်ရပ်ကွက်များမှ အသင်း ၈ သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ပထမဆုရရှိသည့် ပြင်စည်အသင်းအား ငွေသားဆု (၄၀၀၀၀၀)ကျပ်၊ ဖူဆယ်ဘော လုံး(၃)လုံးနှင့် တံခွန်စိုက်ဆုကိုလည်းကောင်း၊ ဒုတိယ ဆုရရှိသည့် နေလင်း(၂) အသင်းအား ငွေသားဆု (၂၅၀၀၀၀)ကျပ်နှင့် ဖူဆယ်ဘောလုံး(၂)လုံးကိုလည်းကောင်း၊ တတိယဆုရရှိသည့် နေလင်း(၁)အသင်းအား ငွေသားဆု(၁၃၀၀၀၀)ကျပ်နှင့် ဖူဆယ် ဘောလုံး (၁)လုံးကိုလည်းကောင်း တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)