ဘိုကလေး မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဘဏ္ဍာရေးနှစ်၏ (၆)လဘတ်ဂျက် ပထမသုံးလပတ်ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မွေးဖွားလာသည့် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေး ပေးအပ်နိုင်ရေးအတွက် ယနေ့ နံနက်(၁၁)နာရီ တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လက်ဝယ်အရောက် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် အတူ ထောက်ပံ့ကြေးငွေများ လိုက်လံပေးအပ်ခဲ့သည်။
ဘိုကလေးမြို့နယ် မြို့ပေါ်နှင့် ကျေးရွာအုပ်စု (၈၆)အုပ်စုတွင် ထောက်ပံ့ကြေးပေးရမည့် ကိုယ်ဝန်ဆောင်မိခင် (၅၆၇၉)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၂၉၇၅) ဦးရှိပြီး ကိုယ်ဝန်(၂)လရှိ မိခင်တစ်ဦးလျှင် (၁၅၀၀၀) ကျပ်၊ ကိုယ်ဝန်(၃)လရှိ မိခင်တစ်ဦးလျှင် (၃၀၀၀၀) ကျပ်၊ ကိုယ်ဝန်(၄)လအထက် မိခင်တစ်ဦးလျှင် (၄၅၀၀၀)ကျပ်နှင့် အသက်(၂)နှစ်အောက် ကလေးတစ်ဦးလျှင် (၄၅၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ရာ ကိုယ်ဝန်ဆောင်မိခင် (၅၆၇၉)ဦး အတွက် စုစုပေါင်းငွေ (၂၅၃၂၄၅၀၀၀)ကျပ်နှင့် ကလေးငယ်(၂၉၇၅)ဦးအတွက် စုစုပေါင်းငွေ (၁၃၃၈၇၅၀၀၀)ကျပ်၊ စုစုပေါင်း (၃၈၇၁၂၀၀၀၀)ကျပ်အား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာ (၈၆) အုပ်စုရှိ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်းနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ မိမိရပ်ကွက် ကျေးရွာအုပ်စုအလိုက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား တစ်ဆင့် ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)