ကန့်ဘလူ မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ ၂၀၂၂ ခုနှစ် မတ်လနှင့်ဧပြီလအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာစစ်ဌာနများမှ ကျောင်းသား၊ ကျောင်းသူ ၁၄၇၄ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း စာစစ်ဌာန(၁)တွင် ကျောင်းသားကျောင်းသူ ၈၅၁ ဦး၊ စာစစ်ဌာန(၂)တွင် ကျောင်းသား၊ ကျောင်းသူ ၁၀၉ ဦး၊ ထန်းကုန်း အထက ကျောင်းစာစစ်ဌာနတွင် ၂၃၉ ဦး၊ ဇီးကုန်း အထကကျောင်း စာစစ်ဌာနတွင် ၁၂၉ ဦးနှင့် ကာဘိုး အထကကျောင်း စာစစ်ဌာနတွင် ၁၄၆ ဦးရှိပြီး ကန့်ဘလူ တစ်မြို့နယ်လုံးအနေဖြင့် စာစစ်ဌာန(၅)ခုမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၇၄ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းထံမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)