ဆင်ပေါင်ဝဲ မတ် ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သည့် ကာကွယ်ဆေးထိုးအဖွဲ့များသည် မတ်လ ၇ ရက်နေ့မှစတင်၍ ကျေးရွာများအရောက် ညအိပ်ကွင်းဆင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် ယနေ့ နံနက် ၈ နာရီအချိန်မှစ၍ အဆိုပါကာကွယ်ဆေးထိုးအဖွဲ့သည် လက်ပန်ကျေးရွာအုပ်စုမှ လက်ပန်၊ ရွာလင်း၊ မကျီးရင်း ကျေးရွာများသို့လည်းကောင်း၊ စည်တိုင်း ကျေးရွာအုပ်စုမှ စည်တိုင်းကျေးရွာ (ရွာလည်၊ ရွာမ၊ ရွာသစ်)၊ ပိတောက်ကန်၊ စမ်း၊ မကြီးကုန်းလေး ကျေးရွာ များသို့လည်းကောင်း ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသောပြည်သူများအား အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးလျက်ရှိသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ကာကွယ်ဆေး ထိုးအဖွဲ့(၁၀)ဖွဲ့ခွဲကာ ကျေးရွာများ အရောက် ညအိပ်ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)