ငါးသိုင်းချောင်း မတ်လ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်၌ လူမှုဝန်ထမ်းဦးစီးဌာန အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ်ကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်၌ ကိုယ်ဝန်သက်တမ်း(၃)လအထိ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)နှုန်း၊ ကိုယ်ဝန်သက်တမ်း(၃)လအထက် ကိုယ်ဝန်ဆောင် မိခင်တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၄၅၀၀၀)နှုန်းဖြင့် ကိုယ်ဝန်ဆောင် ကျန်းမာရေး မှတ်တမ်းစာအုပ်ကို စိစစ်၍လည်းကောင်း၊ အသက် (၂)နှစ်အောက် ကလေးသူငယ်တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၄၅၀၀၀)နှုန်းဖြင့်လည်းကောင်း မွေးစာရင်းကိုစိစစ်၍ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရပြီး မြို့သစ်ရပ်ကွက်အတွင်း၌ ထောက်ပံ့ပေးအပ်ရန် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ် စုစုပေါင်း (၉၂)ဦးရှိကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။
စိုးမင်းဦး