ပခုက္ကူမြို့၌ သတင်းမှား၊ မှန်ခွဲခြားသိရှိနိုင်ရေးနှင့် လူမှုကွန်ယက်များ စနစ်တကျသုံးစွဲနိုင်ရေး၊မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအ‌ကြောင်း အသိပညာ‌ပေးဟောပြော

ပခုက္ကူ  မတ် ၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ပခုက္ကူ)၌ ယနေ့မွန်းလွဲ ၁နာရီအချိန်က သတင်းမှား၊ မှန်ခွဲခြားသိရှိနိုင်ရေးနှင့် လူမှုကွန်ယက်များ စနစ်တကျသုံးစွဲနိုင်ရေး၊ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က လူမှုကွန်ယက်မျိုးစုံပေါ်တွင် ဖြစ်ပျက်နေသည့် သတင်းများအား သတင်းအမှား၊ အမှန်၊ သတင်းတုများ စနစ်တကျခွဲခြား‌ ဝေဖန်သိမြင်နိုင်ရေး အကြောင်းကိုလည်းကောင်း၊ ပခုက္ကူမြို့နယ် ဥပ‌ဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဒေါ်သူဇာအောင်က မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ဥပဒေအ‌ကြောင်းနှင့် ရှောင်ရန်/ဆောင်ရန် အချက်များအကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးက ယုံကြည်စိတ်ချရသောသတင်းစာများ၊ အစိုးရဌာနဆိုင်ရာ လူမှုကွန်ယက် စာမျက်နှာ Facebook pageများ၊ Social Media အား အသုံးချပြီး နည်းလမ်းပေါင်းစုံဖြင့် သွေးထိုးလှုံ့ဆော်ရေးသား ဖြန့်ဝေသည့် သတင်းမှားများအ‌ကြောင်း တို့ကိုလည်းကောင်း အသီးသီး ရှင်းလင်း ဟောပြောကြသည်။

အဆိုပါဟောပြောပွဲတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းလင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့်ဝန်ထမ်းများ၊ အခြေခံစက်ချုပ်သင်တန်းသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပခုက္ကူ) ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့်ဝန်ထမ်းများ၊ ကျောင်းသား/သူ များ တက်ရောက်ကြကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)