ဘုတ်ပြင်း မတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ရောဂါကာကွယ် ဆေးထိုးရန် ကျန်ရှိနေသူများ အား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရာ ယမန်နေ့က ဘုတ်ပြင်းမြို့နယ် ရေငံကြီးကျေးရွာ၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးကို Mobile စနစ်ဖြင့် ကျေးရွာရောက်ကွင်းဆင်း၍ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ဘုတ်ပြင်းမြို့နယ် ဌာနဆိုင်ရာများကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ၀န်ထမ်းများက ထိုးနှံပေး လျက်ရှိပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ ၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မြို့နယ်အတွင်း လွှမ်းခြုံနိုင်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ၌ ဆေးထိုးစုရပ်များအလိုက် သတ်မှတ်ရက်များတွင် ကျေးရွာရောက် Mobile စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း သိရသည်။
ဖြူဖြူသိန်း(ပြန်/ဆက်)