ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်‌ ဉာဏ်စမ်း ဂိမ်းပြိုင်ပွဲကျင်းပ

ဝါးခယ်မ မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန   (Community Center) ခန်းမတွင် ယနေ့မွန်းလွဲ (၁)နာရီက   ဉာဏ်စမ်းဂိမ်းပြိုင်ပွဲများ ကျင်းပပေးခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ကျောင်းသားကျောင်းသူလေးများ ပင်ကိုယ်အရည်အချင်းများ တိုးတက် လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန်၊ စာကြည့်တိုက်အား ဝင်ထွက်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး သံကြိုးတိုင် အမက မူလွန်တိုးချဲ့မြို့သစ်ကျောင်းမှ ကျောင်းသား/သူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြရာ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ ခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)