အင်္ဂပူမြို့နယ် သင်ပန်းချောင်းကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စုများ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်‌ရေးပစ္စည်းများပေးအပ်

အင်္ဂပူ မတ်လ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ ဒေါ်ဖဲကွင်းကျေးရွာအုပ်စု၊ သင်ပန်းချောင်းကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်‌‌ရေးပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို ထူးကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ဖြိုးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချမ်းမြေ့နှင့် တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်ဘေး စီမံဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုတစ်စုလျှင် လူသုံးပစ္စည်း (၁၇)မျိုးပါ ပုံးတစ်ပုံးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၂)သိန်းကျပ်နှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်းကျော်