ဝါးခယ်မ မတ်လ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ စစ်ဆေးမည့် (၂၀၂၁-၂၀၂၂) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၂၂)ဦး ဖြေဆိုသွားမည်ဖြစ်ကြောင်းကို မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အပြင်ဖြေကျောင်းသား၊ ကျောင်းသူ(၅၀၃)ဦးနှင့်ကျောင်းတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၁၅၁၉)ဦး စုစုပေါင်း (၂၀၂၂)ဦးတို့ဖြစ်ပြီး အတွဲ(၁)ဘာသာရပ်တွင် (၈၀၉)ဦး၊ အတွဲ(၂)ဘာသာရပ်တွင် (၁၀၄၀)ဦး၊ အတွဲ(၇)ဘာသာရပ်တွင် (၁၇၂)ဦးနှင့် အတွဲ(၈)ဘာသာရပ်တွင် အပြင်ဖြေကျောင်းသူ (၁)ဦးတို့ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ စာစစ်ဌာနများကို အ.ထ.က(၁) ဝါးခယ်မ၊ အ.ထ.က (ကျွန်းကုန်း)၊ အ.ထ.က(ကနစိုးကုန်း)၊ အ.ထ.က(ပိတ္တာလေး)၊ အ.ထ.က(ဆူးတွင်း)၊ အ.ထ.က(ကျုံတိုင်)၊ အ.ထ.က(အထက်ပေကုန်း)၊အ.ထ.က(မောင်းဒီး)၊အ.ထ.က(ငှက်ပျောချောင်း)၊ အ.ထ.က(ညောင်ငူ)၊ အ.ထ.က(ကျုံမငေး)၊ အ.ထ.က(ရွှေလောင်း) စသည့် စာစစ်ဌာနများ (၁၂)ခုထားရှိ၍ စစ်ဆေးသွားမည် ဖြစ်ကြောင်းကိုလည်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ရီရီလွင်