စုကလိမြို့တွင် ပူးပေါင်းကာကွယ် ကလေးအလုပ်သမားပပျောက်ရေး အန္တရာယ်ခေါင်းစဉ်ဖြင့် နံရံကပ်ပြဘုတ် ပြသဆောင်ရွက်

စုကလိ မတ် ၈

ကလေးအလုပ်သမားပပျောက်ရေးနှင့် ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင် ရှာဖွေပေးနိုင်ရေးအတွက် အသိပညာပေးနိုင်ရေးစသော ရည်ရွယ်ချက်များဖြင့် စုကလိမြို့ ပြည်သူ့စာကြည့်တိုက် နံရံကပ်ပြဘုတ်တွင်  ပူးပေါင်းကာကွယ် ကလေးအလုပ်သမားပပျောက်ရေး အန္တရာယ်ခေါင်းစဉ်ဖြင့် နံရံကပ်ပြဘုတ်အား ယနေ့နံနက် ၉နာရီအချိန်တွင် အသိပညာပေး လုပ်ငန်းတစ်ရပ်အဖြစ် ပြသဆောင်ရွက်ထားသည်။

အဆိုပါနံရံကပ်ပြဘုတ်တွင် နိုင်ငံတကာမှ ကလေးအလုပ်သမားဓာတ်ပုံများ ကလေးအလုပ် သမားများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကလေးသူငယ်အခွင့်အရေးများ၊ မှန်ကန်သောလုပ်ငန်း ခွင်သို့ရရှိရေး အသိပညာပေးဓာတ်ပုံများ ဒေါနမြေလက်ကမ်းစာစောင်များအား ဝေဝေဆာဆာ ပြသထားသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးအနေဖြင့် အသိပညာပေး လုပ်ငန်းတစ်ရပ်ဖြစ်သည့် နံရံကပ်ပြဘုတ် ပြသဆောင်ရွက်ခြင်းအား လစဉ်နှစ်ကြိမ်ခန့် ပြသဆောင်ရွက်ကြောင်း သိရသည်။

ပိုပိုအောင်(ပြန်/ဆက်)