ဗန်းမောက်မြို့နယ်၌ ပြည်သူများအား Mask Campaign ဆက်လက်ဆောင်ရွက်

ဗန်းမောက် မတ်  

နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားလျက်ရှိရာ ဗန်းမောက်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့နည်းပပျောက်စေရန် အပြင်ထွက်လျင် Mask မဖြစ်မနေ တပ်ဆင်ရေးအတွက် Mask Campaign ကို မန်နေ့နံနက်()နာရီအချိန်တွင် မြို့အဝင် ကိုဗစ် စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဉက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများက အများပြည်သူများ၊ ဆိုင်ကယ်စီးသွားလာနေသူများနှင့် အနှေးယာဉ် မောင်းနှင်သူများကို Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မေသူဟန်(ဗန်းမောက်)