ကျောက်ကြီး မတ် ၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထက(ခွဲ) ပဲခူးရပ်ကျောင်း ဗန္ဓုလဆောင်ခန်းမ၌ မတ်လ ၈ ရက်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သော်ဇင်အောင်က လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာန နတ်သံကွင်းဒေသ မီးသတ်စခန်းမှူး ဦးပြည့်ဖြိုးအောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာ န မြို့နယ်ဦးစီးမှူး ဒေါ်ယုယုလွင်က သဘာဝအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားအား အထက(ခွဲ) ပဲခူးရပ်ကျောင်းမှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရုံးဝန်ထမ်းများက သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)