လှိုင်းဘွဲမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

လှိုင်းဘွဲ မတ်လ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်စေရန်အတွက် ကရင်ပြည်နယ်အစိုးရ အဖွဲ့၏ ထုတ်ဝေခဲ့သော ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖြန့်ဝေခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်အချိန်မှာ ကလေးများအား ကလေးအလုပ်သမားဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြစို့၊ ကလေးအလုပ်သမား ၏ အဓိပ္ပာယ်၊ အသက်အရွယ်၊ ကလေးများသည် အနာဂတ်အိမ်မက်များ မက်နေရန်ဖြစ်ပြီး လုပ်ငန်းခွင်ဝင်ရောက်ရန်မဟုတ်ပါ၊ ဆိုင် (သို့မဟုတ်) ကုန်သွယ်အလုပ်ဌာန(သို့မဟုတ်)အများ ပျော်ရွှင်ရေးအလုပ်ဌာန၌ အသက်(၁၄) နှစ်မပြည်သေးသောသူများကို အလုပ်လုပ်ခွင့်မပြု၊ ကိုဗစ်-၁၉ ကာလ ကလေးအလုပ်သမားများနှင့် ကျောင်းပညာပေး၊  ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ချက်၊ ကန့်သတ်ချက်များ၊ ကလေးလုပ်သားများ ပပျောက်ရေးအတွက် ပြည်သူများအားလုံးဝိုင်းဝန်းကြိုးပမ်းကြပါစို့ စသည့် ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)