ကလေးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေး ရုံးတွင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ကလေး မတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ဝေသည့် ရုံးလုပ်ငန်း လက်စွဲစာအုပ်ဖြင့် ဝန်ထမ်းများရုံးတွင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ ၃ နာရီတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ဝန်ထမ်းများအား ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရန်နှင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန်၊ ဝန်ထမ်းများအရည်အသွေး တိုးတက်မြင့်မားစေရန်နှင့် ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းများ ရုံးတွင်းစာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်ဦးစီးအရာရှိမှ ဝန်ထမ်းများနှင့် သက်ဆိုင်သည့် ခွင့်အမျိုးစား(၁၀)မျိုး အကြောင်းကို ခွင့်တစ်မျိုးခြင်းစီအလိုက် အကျယ်တဝင့် ရှင်းလင်း ဖတ်ကြားခဲ့ကြပြီး ဝန်ထမ်းများက သိရှိလိုသည့် အချက်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကလေးခရိုင်ရုံးတွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ဆွေးနွေးများအပတ်စဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)