သံတောင်ကြီး မတ် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သံတောင်ကြီးမြို့နယ် သက်ကြီးချိတ်ဆက်မှု ကော်မတီနှင့် ကျေးရွာ(၁၂)ရွာ လူမှုအားမာန်အဖွဲ့အားထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သံတောင်ကြီးမြို့နယ်ရှိ သက်ကြီးချိတ်ဆက်မှုကော်မတီနှင့် လူမှုအားမာအဖွဲ့(၁၂)ဖွဲ့ဖြစ်သည့် ချောင်းနှစ်ခွကျေးရွာ၊ ဥသျှစ်ကုန်း ကျေးရွာ၊ သံတောင်မြို့ရပ်ကွက် (၁)၊ ဌက်ပျောတောအထက်ကျေးရွာ၊ ဌက်ပျောတောအောက်ကျေးရွာ၊ ကိုးကွေ့ကျေးရွာ၊ ရွာကြီးသစ်ကျေးရွာ၊ ရွာကြီးဟောင်းကျေးရွာ၊ မယ်ဇလီကုန်းကျေးရွာ၊ သူဌေးကုန်းရွာသစ်ကျေးရွာ၊ သူဌေးကုန်းကျေးရွာ တို့ရှိကော်မတီဝင်များက မိမိတို့အဖွဲ့အလိုက် ဆောင်ရွက်သည့်လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိဒေါ်ခင်ခင်ထွန်းမှ သက်ကြီးချိတ်ဆက်မှုကော်မတီနှင့် လူငယ်အားမာန်အဖွဲ့ (၁၂)ဖွဲ့ရှိကော်မတီဝင်များအား တစ်ဖွဲ့လျှင်ထောက်ပံ့ငွေကျပ် (၁၀) သိန်း ပေးအပ်ခဲ့ရာ ကော်မတီဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။
နော်နော်မူ