ဟားခါးမြို့၌ ပြည်သူ ၉၁ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၇ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ၃၄ ဦးပြန်လည်ကျန်းမာလာ

ဟားခါး မတ် ၈

ဟားခါးမြို့၌ မတ်လ ၇ ရက်နေ့က ပြည်သူ ၉၁ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၇ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီး ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများအနက် ၃၄ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

အလားတူ တီးတိန်မြို့နယ်တွင်လည်း ပြည်သူ ၁၂၉ ဦးအား Test kit ဖြင့် စစ်ဆေးရာ ၁ ဦးတွင် လည်းကောင်း၊ ပလက်ဝမြို့နယ်တွင် ၁၃ ဦးစစ်ဆေးရာ ၂ ဦးတွင်လည်းကောင်း၊ မင်းတပ် မြို့နယ်တွင် ၁၀ ဦးစစ်ဆေးရာ ၂ ဦးတွင်လည်းကောင်း၊ မတူပီမြို့နယ်တွင် ၄ ဦးစစ်ဆေးရာ ၁ ဦး တွင် လည်းကောင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူ နေကြသော လူနာများအနက် ဖလမ်းမြို့နယ်မှ ၂ ဦး၊ တီးတိန်မြို့နယ်မှ ၁၁ ဦးနှင့် မင်းတပ် မြို့နယ်မှ ၅ ဦး ပြန်လည်ကျန်းမာလာကာ ဖလမ်းမြို့နယ်တွင် တစ်ဦးသေဆုံးသည်။

ဟားခါးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှ ယနေ့အထိ (ကိုဗစ်-၁၉ စတုတ္ထ လှိုင်း) Test Kit ဖြင့် စစ်ဆေးသူ ၂၆၈၆ ဦး၊ ပိုးတွေ့သူ ၂၇၈ ဦး၊ သေဆုံးသူ ၂ ဦး၊ ဆေးရုံဆင်းခွင့် ရသူ ၂၀၄ ဦး၊ ဆေးကုသမှုခံယူဆဲ ၇၂ ရှိပြီး ပြည်သူ့ဆေးရုံတွင် ၃၅ ဦး၊ ၃၇ ဦးသည် ကာဆင် ခန်းမတွင် လည်းကောင်း လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။

(မောင်တက်လမ်း)