ကြို့ပင်ကောက်မြို့ ဗောဓိရိပ်သာကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဓ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝါယမ ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနအခမ်းအနားကျင်းပ

ကြို့ပင်ကောက် မတ် ၇

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရွာမမြောက်ရပ်ကွက်၊ ဗောဓိရိပ်သာကျောင်းတိုက် ၏ဦးစီးပဓာန နာယကသက်တော်(၈၄)နှစ်၊ သိက္ခာတော်(၆၄)ဝါ၊ အဂ္ဂမဟာသဓ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါယမ ဆရာတော်ဘုရားကြီးသည် ဘဝနတ်ထံပျံလွန်တော်မှုသွား သဖြင့် အန္တိမဈာပန အခမ်းအနားကို ယနေ့နေ့လည် ၁ နာရီချိန်က အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ "သဗ္ဗေသင်္ခါရာအနိစ္စာတိ"(၃)ဂါထာတော်ကိုရွတ်ဆို၍  အခမ်းအနားကိုဖွင့်လှစ်ပြီး ဧည့်ပရိတ်သတ်အပေါင်းက မယင်းကျောင်းတိုက်ဆရာ‌တော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။

ဆက်လက်၍ ဘဝနတ်ထံပျံလွန်တော်မူသွားသည့်  အဂ္ဂမဟာသဓ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တဝါယမ ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းနှင့် ဓမ္မသံဝေဂ ဂါထာတော်တို့ကိုဖတ်ကြားပူ‌ဇော်ခဲ့ပြီး၊ စျာပနအခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ယင်းနောက်ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား တပည့်သံဃာများ၊ ဌာနဆိုင်ရာများ၊ ဆွေတော်မျိုးတော်များကပင့်ဆောင်ကြပြီး အေးသန်းဆန်စက်ဝန်းတွင် လောင်တိုက်တော်သွင်းမီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ဗောဓိရိပ်သာကျောင်းတိုက်ဆရာ တော်ဘုရားကြီးသည်  ၁၃၈၃ ခု၊  တပေါင်းလဆန်း ၂ ရက် ၂၀၂၂ ခုနှစ်၊မတ်လ(၃)ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်တွင်သက်တော်(၈၄) နှစ်၊ သိက္ခာတော် (၆၄)ဝါတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ရာ မတ်လ(၇)ရက်‌နေ့ မွန်းလွဲပိုင်းတွင်အန္တိမဈာပန အခမ်းအနား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)