ဒိုက်ဦး သြဂုတ် ၂၈
Covid -19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ ဦးဆောင်၍ mask များ ဝေငှခြင်းကို သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့ ၊ စည်ပင်သာယာမြို့မဈေးကြီး ရှေ့၌ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းနှင့် ဝန်ထမ်းများ ၊ ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့ များ ၊မီးသတ်တပ်ဖွဲ့ဝင်များ ၊ NGO များ တက္ကသိုလ် ကျောင်းသား/ကျောင်းသူစေတနာရှင်အဖွဲ့များ ပူးပေါင်း ၍ ခရီးသွားပြည်သူများ ၊ ဈေးရောင်း ဈေးဝယ်သူများအား mask အခု(၁၀၀၀) ခန့်အခမဲ့ဖြန့်ဝေပေးခြင်းပညာပေးဟောပြောခြင်း များဆောင်ရွက်ခဲ့သည်။
နောင်ရက် များတွင် Mask များမတပ်ပါကဒဏ်တပ်ရိုက်ခြင်းများ ဆောင်ရွက်မည်ဖြစ်ပါ၍ မိဘပြည်သူ များအိမ်ပြင်တွင်သွားလာပါက မဖြစ်မနေ Mask တပ်ဆင်သွားလာကြပါရန် အသိပေး နှိုးဆော်ခဲ့သည်။
ကျော်ကျော် (IPRD)